/* Generated via www.cssmenubuilder.com */

Thursday 18 July 2013

ဝမ်းနည်းဖွယ်လွမ်းသူပန်းခွေ ချ ဥသြဆွဲ ဂါရဝပြု

No comments:

(၁၉.၇.၂၀၁၃)ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၆)ကြိမ်မြောက် အာဇာနည်နေ့အခန်းအနား၌ အမျိုးသားဖခင်ကြီးဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လူမှုကရုဏာအသင်း(မယ်ဆိုင်)မှ အသင်းသူအသင်းသားများက ဝမ်းနည်းဖွယ်လွမ်းသူပန်းခွေ ချ ဥသြဆွဲ ဂါရဝပြု ခဲ့ ပါသည်။


၁၉ ဇူလိုင်

No comments:

မနက်ဖန်  
 ဇူလိုင် ( ၁၉ ) ရက် အာဇာနည်နေ့  ၆၆ နှစ် ပြည့်မှာကျဆုံးခဲ့ရသော...အမျိုးသားခေါင်းဆောင်ကြီးနှင့်
တကွအာဇာနည်အပေါင်းတို့ အား..နီးစပ်ရာ တာချီလိတ်မြို့ ၌  လူမှုကရုဏာအသင်း(မယ်ဆိုင်)မှ
အသင်းသား/သူများ သွားရောက်ဂါဝရပြုပန်းခွေချ မည်ဖြစ်ပါသည်။

ဖျားနာဝေဒနာရှင်အား သွားရောက်ကူညီခဲ့

No comments:
လူမှုကရုဏာအသင်း(မယ်ဆိုင်)၏ ကူညီမှုဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော စစ်ကိုင်းတိုင်း ကျောက်ကာမြို့ ရေကန်သစ်ကျေးရွာမှ 
အဖျားဝေဒနာရှင် ကိုမောင်ဖြိုး၏ ကျန်းမာရေးအခြေ
အနေပြန်လည်ကောင်းမွန်လာလာ။(13-7-2013)

သာမဏေ ရှင်ဝိမလ ၏ နှာခေါင်း ပေါ်အဖုကြိတ်ခွဲစိတ်ကုသရန်

No comments:
ရှမ်းပြည်နယ် တာချီလိတ်မြို့ ကံသာပရိယတ္တိစာသင်တိုက် ၌ ပရိယတ္တိစာပေများကို သင်ယူဆည်းပူးနေသော သာမဏေရှင်ဝိမလ၏ နှာခေါင်း ပေါ်တွင်တဖြည်းဖြည်းကြီးထွား လာသော အဖုကြိတ် ကြီး နှစ်လုံးအား ခွဲစိတ်ကုသရန်အတွက် ကုသစရိတ် ထောက်ပံ့ငွေ(၂၀၀၀ ဘတ်)အား လူမှုကရုဏာအသင်း(မယ်ဆိုင်)မှ တာဝန်ရှိသူများမှ ကံသာပရိယတ္တိ စာသင်တိုက် နာယက ဆရာတော် အား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။  (18 -7-2013)

မျက်စေ့ဝေဒနာရှင် ဦးဘပိုးအတွက်လူမှုကရုဏာအသင်း(မယ်ဆိုင်)မှ တတ်အားသမျှကူညီမှု

No comments:
၁၇.၇.၂၀၁




၁၆.၇.၂၀၁၃
 ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာနိုင်ငံသားများ ကျန်းမာရေး စောင့်ရှောက်မှုအသင်း(MAP FOUNDATION)မှ ကူညီစောင့်ရှောက်မှုပြီးဆုံး၍ နေရပ်ပြန်မည့် ရှမ်းပြည်နယ် မိုင်းပြင်းမြို့ ၌နေထိုင်သူ မျက်စေ့ကွယ်နေသော လားဟူအမျိုးသား ဦးဘပိုးအား နေရပ်ပြန်လည်ပို့ဆောင်ရန်အတွက် ကျွန်တော်တို့ လူမှုကရုဏာအသင်း(မယ်ဆိုင်)သို့ အကူအညီတောင်းခံလာရာ ချင်းမိုင်မြို့မှပို့ဆောင်လာသော မျက်စေ့ဝေဒနာရှင် ဦးဘပိုးအား တည်းခိုရန်စီစဉ်ထားသောဟိုတယ်ရှေ့၌                 
                                                     လူမှုကရုဏာအသင်း(မယ်ဆိုင်)က္ကဋ္ဌကိုစိုင်းမှဆီးကြိုနေစဉ်။                                           
     

Saturday 13 July 2013

ဆွမ်းတော်ကို နေ့၁၂ နာရီကျော်တဲ့အထိ ထားကောင်းပါသလား

No comments:
အမေး။ ။ ဘုရားဆွမ်းတော်ကို နေ့ ၁၂ နာရီကျော်တဲ့အထိ မစွန့်ဘဲထားရင် အပြစ်ရှိ-မရှိသိချင်ပါတယ်ဘုရား။တပည့်တော်က နံနက် ၈-နာရီမှာအလုပ်သွားပြီး ညနေ ၆-နာရီမှ အိမ်ကိုပြန်ရောက်ပါတယ်။ မနက်ရုံးမသွားခင် ဆွမ်းကပ်ပြီး ၁၀-မိနစ်အကြာမှာ ပြန်စွန့်လိုက်မယ်ဆိုရင် အစွန့်မြန်တဲ့အတွက် တပည့်တော်မလုပ်ချင်ပါဘုရား၊ ဆွမ်းဘုဉ်းပေးချိန်ဟာ မိနစ် ၃၀ အများဆုံးဆိုတာကို ဆရာတော်များရဲ့တရားတွေမှာ နာကြားဖူးပါတယ်ဘုရား။ တပည့်တော်က မနက် ၈-နာရီမထိုးခင် ဆွမ်းတော်ကပ်ပြီး နေ့၁၂-နာရီအထိ ကပ်လှူထားချင်ပါသေးတယ်။ ဘယ်လိုမျိုး ဆွမ်းတော်ကပ်က ပိုမိုကောင်းမွန်နိုင်ပါတယ်ဆိုတာကို တပည့်တော်အားပြန်လည်  ဖြေကြားပေးတော်မူ
ပါဘုရားရိုလေလေးစားစွာဖြင့်မသန်းသန်းနိုင်ရန်ကုန်

အဖြေ။ ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ၀ိကာလအခါမှာ အစာစားခြင်းမှ ရှောင်ကြဉ်တာကို လိုလားတော်မူပါတယ်။ ဒါကြောင့် ၁၂-နာရီကျော် တဲ့အခါ အစာမစားခြင်းဟာ

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူရပါမယ်

No comments:

# မနက်အိပ်ယာထ # မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။
ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

- မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ပွါးလိုက်ပါ။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

- ကြည်လင်နေတဲ့ရေကိုကြည့်ပြီး
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။

Wednesday 10 July 2013

ဦးလင်းသူအား နေရပ်မပြန်မီ

No comments:
ဓါတ်ပုံ/ကိုထွန်း-လူမှုကရုဏာအသင်း
     ယနေ့(၁၀.၇.၂၀၁၃)နေ့က လူမှုကရုဏာအသင်း(မယ်ဆိုင်)မှကုသပေးခဲ့သော တာချီလိတ်မြို့မှ လေဖြတ်ဝေဒနာရှင် ဦးလင်းသူအား နေရပ်မပြန်မီ လူမှုကရုဏာအသင်း(မယ်ဆိုင်)မှဆေးကုသစရိတ်ထပ်မံပံ့ပိုး
ငွေ(၂၀၀၀ဘတ်)ကိုလက်ခံအပြီး ညီမဖြစ်သူနှင့်အတူတွေ့ရစဉ်။

ယောက်ျားလေးအမြွှာနှစ်ဦးအားကျန်းမာစွာတွေ့မြင်ရ

1 comment:
တာချီလိတ်မြို့ပြည်သူ့ဆေးရုံ၌
အောင်မြင်စွာမွေးဖွားနိုင်ခဲ့သော 
တာချီလိတ်ခရိုင် မလိပါကော(အပေါ်ရွာ)နေ ကိုကျော်ဇေလတ်နှင့်မမီလောန်တို့၏ယောက်ျားလေးအမြွှာ
နှစ်ီးအားကျန်းမာစွာတွေ့မြင်ရစဉ်။
 ဤအမြွှာနှစ်ဦးမွေးဖွားရန်
 အတွက်ီးဖွားစရိတ်နှင့်လိုအပ်သော
ဆေးဝါးများအတွက်လူမှုကရုဏာအသင်း(မယ်ဆိုင်)မှသွားရောက်ကူညီပေးခဲ့ပါသည်။(၁၀.၇.၂၀၁၃)       ဓါတ်ပုံ/ကိုထွန်း

အမြွှာပူးကိုယ်ဝန်ကိုမွေးဖွားရန်အရေးပေါ်ကူညီလှူဒါန်းငွေ ၄၅၀၀ဘတ်

No comments:
ဓာတ်ပုံ-ကိုထွန်း
ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံ၌ တာချီလိတ်ခရိုင် မလိပါကော(အပေါ်ရွာ)၌နေထိုင်သော အခါတိုင်းရင်းသူ မမီလောန်သည် အမြွှာပူးကိုယ်ဝန်ကိုမွေးဖွားရန်အရေးပေါ်
 မွေးဖွားစရိတ်နှင့်လိုအပ်သောဆေးဝါးများအတွက်
အခက်အခဲရှိနေ ကြောင်း လူမှုကရုဏာအသင်း(မယ်ဆိုင်)မှအသင်းသူများဖြစ်ကြသော မဝါဝါဝင်းမောင်နှင့်မအေးငြိမ်းခိုင်တို့မှအသင်းသို့ဆက်သွယ်အကြောင်းကြားလာရာ လူမှုကရုဏာအသင်း(မယ်ဆိုင်)မှစုပေါင်းကူညီလှူဒါန်းငွေ(၄၅၀၀ဘတ်)တိတိကို အသင်းကိုယ်စား မဝါဝါဝင်းမောင်နှင့်မအေးငြိမ်းခိုင်တို့မှ မမီလောန်၏ခင်ပွန်းဖြစ်သူ ကိုကျော်ဇေလတ် အားပေးအပ်လှူဒါန်းစဉ်။ 10-7-2013

Wednesday 3 July 2013

လူမှုကရုဏာအသင်း(မယ်ဆိုင်) မှဥက္ကဌများဖြစ်ကြသော ကိုစိုင်းနှင့်ကိုဘိုဘိုကျော်တို့ မှမလှလှစန်းအားအလှူငွေ ပေးအပ်နေစဉ်။

No comments:
  ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့  ဆန်ဆိုင်း(ခ)ရပ်ကွက်   ဆန်ဆိုင်းသိုင်း ဘုန်းကြီးကျောင်း၌ပြုလုပ်သော ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိစေတနာနာရေးကူညီမှုအသင်းမှ
အသင်းသူ မလှလှစန်း၏မိခင် နာရေး၌ စေတနာ နာရေးကူညီမှုအသင်း(ချင်းမိုင်)မှ မမီးမီး၏ ကူညီငွေ (၂၀၀၀)ဘတ်နှင့်လူမှုကရုဏာအသင်း
(မယ်ဆိုင်)မှကူညီငွေ(၁၀၀၀) 
ဘတ်စုစုပေါင်း ဘတ်ငွေ(၃၀၀၀)ကို လူမှုကရုဏာအသင်း(မယ်ဆိုင်)