/* Generated via www.cssmenubuilder.com */

Friday 9 August 2013

မြဝတီမြို့ ရေဘေးဒုက္ခသည်များ အားသွားရောက်ကူညီမှုမှတ်တမ်း ဓာတ်ပုံ

No comments:
(6-7-2013) လူမှုကရုဏာအသင်း(မယ်ဆိုင်)မှ မြဝတီမြို့ ရေဘေးဒုက္ခသည်များ
 ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ လိုအပ်သည်များကိုသွားရောက် ကူညီပေးခဲ့ပါသည်။လုပ်ဆောင်ချက်များကို မှတ်တမ်းဓာတ်ပုံများအဖြစ်ဖေါ်ပြအပ်ပါသည်။ 



Friday 2 August 2013

ဓမ္မဒေသနာ ကျွန်းပလ္လင်တော်မြတ်ကြီးလာရောက်လှူဒါန်း

No comments:
(2-8-2013) လူမှူကရုဏာအသင်း(မယ်ဆိုင်)၏ ကျင်းပပြူလုပ်မြဲဖြစ်သော ဓမ္မပူဇာ ဓမ္မသဘင်များ၌ အသုံးပြုနိုင်ရန်အတွက် အထူးလိုအပ်လျှက်ရှိသော ဓမ္မဒေသနာ ပလ္လင်တော် အတွက် အလှူရှင်များဖြစ်ကြသော = မအားလင် မအားဟွမ် မနန်းတစ်(ပ်)နှင့် စေတနာရှင်သူငယ်ချင်းများမှ စုပေါင်း၍ ကျွန်းပလ္လင်တော်မြတ်ကြီး အတွက် ကုန်ကျငွေ ဘတ်(၃၅၀၀၀)အား လှူဒါန်းရာ လူမှုကရုဏာအသင်း(မယ်ဆိုင်) က်ုယ်စား ကိုထွန်းမှလက္ခံယူနေစဉ်။ ဓမ္မဒေသနာ ပလ္လင်တော်အား လှူဒါန်းရသော ကုသိုလ်ကောင်းမှု အစုစု၏ အဖို့ဘာဂကို အလှူရှင်များနှင့် ထပ်တူထပ်မျှ အမျှရကြ၍ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပြီး အားလုံးသောဝေနေယျ သတ္တဝါအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေသောဝ်။ (လူမှုကရုဏာအသင်း-မယ်ဆိုင်)

စေတနာရှင်များမှ လာရောက်လှူဒါန်းလျှက်ရှိ

No comments:
လူမှုကရုဏာအသင်း(မယ်ဆိုင်)သို့ လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်ရည်သန်၍ စေတနာရှင်များမှ လာရောက်
လှူဒါန်းလျှက်ရှိရာ မယ်ဆိုင်မြို့ပါယန်းရပ်ကွက်မှ မနန်းဆုမွန်းမှ ၎င်း၏မွေးနေ့ဒါနအဖြစ် ဘတ်ငွေ(1000)ကို အသင်းဥက္ကဋ္ဌ (၁)ကိုစိုင်းထံသို့ လာရောက်လှူဒါန်းနေစဉ်။ ၎င်းအပြင် အသင်းဝင် မရန်ရင်ကျူး မှဘတ်(1000)နှင့်ကိုထွန်းမိသားစု တို့မှလည်းဘတ်(1000)လာရောက်လှူဒါန်းခဲ့ပါသည်။

ရေလှောင်စည်နှစ်လုံး သွားရောက်လှူဒါန်း

No comments:
(31-7-2013) လူမှူကရုဏာအသင်း(မယ်ဆိုင်) မှကြီးမှူး၍လှူဒါန်းအပ်သော မယ်ဆိုင်မြို့ ထန့်ဖါလျှိုး ဘုန်းကြီးကျောင်း ၌လိုအပ်နေသော 
တစ်လုံးလျှင် ဘတ်(၁၀၀၀၀)တန် ရေလှောင်စည် နှစ်လုံးအတွက် စုပေါင်းပါဝင်လှူဒါန်းကြသော   
အလှူရှင်များမှာ= လူမှုကရုဏာအသင်း
(မယ်ဆိုင်)မှ မတည်ငွေ=၂၀၀၀ဘတ်။ ကိုကျော်*မနန်းဆုမွန်း မိသားစု=၆၆၀၀ ဘတ် 
ကိုရှမ်းလေး(ကော်ဆိုင်း)=၁၀၀၀ ဘတ်။   ကိုသားလေး(တာချီလိတ်)=၁၀၀၀ ဘတ်။
မတူးတူး=၅၀၀ ဘတ်။ ကိုချစ်မိုးအောင်=၅၀၀ ဘတ်။ ကိုတူး=၃၀၀ ဘတ်။ မသီသီ=၂၀၀ ဘတ်။ မနန်းအေးလိတ်=၂၀၀ ဘတ်။ မမေဇင်=၁၀၀ ဘတ်။ *လူမှုကရုဏာအသင်းဝင်များမှ သီးသန့် ထပ်မံ လှူဒါန်းငွေ= ကိုစိုင်း(ဥက္ကဋ္ဌ))=၃၀၀၀ ဘတ်။ ကိုစိုးထွေး(အတွင်း/မှူး-၁)=၁၀၀၀ ဘတ်။ ကိုအားဝေ=၅၀၀ ဘတ်။ ကိုနေလင်း=၅၀၀ ဘတ်။ ကိုအောင်ဇော်ဝင်း=၅၀၀ ဘတ်။ ကိုအောင်အောင်=၂၀၀ ဘတ်။